Thursday, June 22, 2017

Good Photo


ဗီဒီယိုအကြိုခံစားခြင်း ”သူငယ်”

ဦးမေ၊ မိုးခင်ခင်နဲ့ ဆောင်းဟေမာန်တို့သုံးယောက်က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ နွေဦးမေက ဗြူးတီစလွန်း ဖွင့်ထားပါတယ်။ မိုးခင်ခင်ကတော့ ယွန်း ထည်ဆိုင် ဖွင့်ထားပါတယ်။ ဆောင်းဟေမာန်ကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ပါ။ သူတို့သုံးယောက်က အပျိုကြီးစာရင်းဝင်တွေပါ။ ဒါပေမဲ့ သူတို့နဲ့လက်တွဲမယ့် သတို့သားလောင်းတွေကတော့ အဆင်သင့်ရှိနေပါပြီ။
နွေဦးမေရဲ့ ချစ်သူက အရမ်းကပ်စေးနဲပါတယ်။ ဘာတွေပဲဝယ်ဝယ် ဈေးအသက်သာဆုံးကို ရွေးပြီး ဝယ်တတ်ပါတယ်။ အဲဒါကြောင့်လည်း နွေဦးမေနဲ့ အမြဲတမ်း ပြဿနာတက်နေပါတယ်။ နောက်ဆုံးမှာတော့ နွေဦးမေက သူ့ကို နာမည်ကြီး ဟိုတယ်တွေမှာ မင်္ဂလာမဆောင်ပေးနိုင်ရင် လက်ထပ်ဖို့ မစဉ်းစားနဲ့ဆိုပြီး ရာဇသံပေးခဲ့ပါတယ်။
မိုးခင်ခင်ရဲ့ ချစ်သူကတော့ အထူးကုဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အမေတစ်ခုသားတစ်ခု ဖြစ်တာကြောင့် သူ့အမေကို အရမ်းချစ်ပါတယ်။ မိုးခင်ခင်တို့က တစ်ပတ်မှာတစ်ရက်ပဲ တွေ့ရတာဖြစ်ပေမယ့် အဲဒီတစ်ရက်ကလည်း သူ့အမေခိုင်းတဲ့ ကိစ္စတွေကိုပဲ လုပ်နေရလို့ မိုးခင်ခင် စိတ်တိုလာခဲ့ပါတယ်။ အဲဒီလိုကိစ္စတွေကြောင့် မိုးခင်ခင်ကလည်း သူ့ရဲ့ချစ်သူနဲ့ အဆင်မပြေပါဘူး။
ဆောင်းဟေမာန်ရဲ့ ချစ်သူကတော့ သဝန်တိုတာပါ။ သူ သဝန်တိုတာက ရိုးရိုးသာမန် အဆင့်တော့ မဟုတ်ပါဘူး။ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ စကားပြောရင်တောင် လိုက်သဝန်တိုနေတာပါ။ နောက်ဆုံး ဆိုင်ထိုင်ရင်တောင် စားပွဲထိုး ကောင်လေးတွေနဲ့ သဝန်တိုပါတယ်။